ဘေးပတ်ပတ်လည် အုတ်ချပ် တစ်ချပ်ချင်းစီ ပေါင်းစပ်ကာရံထားတဲ့ ဒီအခန်းလေးက ကိုယ့်ရဲ့ တကိုယ်ထဲ ပိုင်ဆိုင်တဲ့ အခန်း။ အိပ်ခန်းလဲ ဆိုနိုင်တယ်၊ ထမင်းစားခန်းလဲ ဆိုနိုင်သလို၊ စာကြည့်ခန်းလို့လဲ သတ်မှတ်နိုင်တယ်။ ဒီအခန်းထဲမှာ အလုံပိတ်ချောင်ပိတ်မိနေရင် တော်တော့ကို စက်ဆုပ်မုန်းတီးမိမယ်။ ခုတော့ ကျဉ်းကျပ်လာရင် ဖွင့်စရာ ပြတင်းပေါက် ရှိတယ်၊ လွတ်ထွက်သွားချင်ရင် တံခါးပေါက်ရှိတယ်။ ချုပ်ချယ်မှုကင်းတဲ့ ကိုယ့်ဘဝလေးက ကျေနပ်စရာအတိ။ တစ်ခုခုရေးချင်တဲ့ စိတ်ကြောင့် စာကြည့်စာပွဲမှာထိုင်၊ ရေးနေကျ စာအုပ်ကိုယူ၊ ရေးရမှာက စာအုပ်ရဲ့အစ စာမျက်နှာမှာ မဟုတ်တော့ဘူး။ ရေးလာလိုက်တာ စာအုပ်က ထက်ဝက်ကျိုးပေါ့။ တချို့စာမျက်နှာမှာ ကိုယ့်ရဲ့ တနေ့တာ ဘာတွေ လုပ်ခဲ့သလဲဆိုတာတွေကို ရေးထားတယ်။ တချို့မှာတော့ ကိုယ် ဘယ်သူနဲ့ ဆုံခဲ့သလဲ... ဘာတွေ ဗဟုသုတ သူတို့ဆီက ရခဲ့သလဲ၊ ဘာတွေ စိတ်ထဲ အခန့်မသင့်တာတွေ ဖြစ်ခဲ့လဲ ဆိုတာတွေ ရေးမှတ်ထားတယ်။ ကိုယ်ဆုံခဲ့တဲ့ တချို့က စိတ်သဘောထား ပြည့်ဝကြသလို၊ စိတ်သဘောထား အမြင်သေးသိမ်ကျဉ်းမြောင်းတဲ့ သူတွေလဲ ပါတယ်။ သူတို့နဲ့ ထပ်ဆုံစည်းသလို၊ ထပ်လဲ မတွေ့ဖြစ်တော့တဲ့ သူတွေလဲ ဒုနဲ့ ဒေးပေါ့။ တချို့စာမျက်နှာမှာတော့ ကိုယ်ပျော်ရွှင်ခဲ့တ...
စိတ်ထင်တိုင်းရေးမလို့တည်ဆောက်ထားတဲ့ အိမ်လေးပါ ...