Skip to main content

Posts

Showing posts from August, 2021

အတိတ်

  နတ္ထိလောက သုံးပါးချိန်ခါ ကုန်ဆုံး အတိတ် ဖြစ်ဆဲ ပစ္စုပ္ပန် ကြုံမည့် အနာဂတ် ဖြတ်သန်းရမည့် ဓမ္မတာ မလွဲဧကန်သာ။ ကြုံဆုံ အတိတ် ကြမ္မာဆိုး ကြောင့်ကြ အားငယ် လွမ်းရိမ်ငင်ငင် ရှိခဲ့စေငှား အားယုတ်ပျောက်ပျက် အလျော့ပေးကာ အတိတ်လည်စင်း ခံမတဲ့လား။ အားတင်းကာလှည့် အတိတ်ခြေနင်း တက်ပါ မိုးမြင့် ပညာရှိ ဆင်ခြင် တခါ ထပ်မမှားစေ ကိုယ့်ကို  သတိ ရှိစေသား။  Image from : https://www.fellowship-bc.org/hp_wordpress/wp-content/uploads/2020/01/past-present-future-768x768.jpg