Skip to main content

အတိတ်

 



နတ္ထိလောက သုံးပါးချိန်ခါ

ကုန်ဆုံး အတိတ်

ဖြစ်ဆဲ ပစ္စုပ္ပန်

ကြုံမည့် အနာဂတ်

ဖြတ်သန်းရမည့် ဓမ္မတာ

မလွဲဧကန်သာ။


ကြုံဆုံ အတိတ် ကြမ္မာဆိုး

ကြောင့်ကြ အားငယ်

လွမ်းရိမ်ငင်ငင်

ရှိခဲ့စေငှား

အားယုတ်ပျောက်ပျက်

အလျော့ပေးကာ

အတိတ်လည်စင်း

ခံမတဲ့လား။


အားတင်းကာလှည့်

အတိတ်ခြေနင်း

တက်ပါ မိုးမြင့်

ပညာရှိ

ဆင်ခြင် တခါ

ထပ်မမှားစေ

ကိုယ့်ကို 

သတိ ရှိစေသား။ 


Image from : https://www.fellowship-bc.org/hp_wordpress/wp-content/uploads/2020/01/past-present-future-768x768.jpg

Comments

Popular posts from this blog

မှတ်စု - ၁

မှတ်စုလေး‌တွေ ရေးမှတ်ထားမယ်လို့ စိတ်ကူးလေး ရနေတာ ကြာပြီ။ နောင်တချိန် ပြန်ဖတ်တဲ့အခါ တစ်ခုခု စိတ်ကြည်နူးစရာလေးများ ရမလား၊ "အို ... ငါ အတော်လေး မရင့်ကျက်ခဲ့ပါလား" တွေးမိလေမလား၊ ငါ ဒီလိုလေးများ လုပ်ခဲ့ရင် ပိုများ အကျိုးအမြတ်များလေမလား လို့ ယူဆမိလေမလား ဆိုပြီး အနာဂတ်က ကိုယ့်ကိုယ်ကိုအကြောင်း‌ တွေးမိတော့လဲ ရင်ခုန်မိသား။ ပြီးခဲ့တဲ့ အတိတ်ကို ပြန်ပြောင်းလို့ မရပေမဲ့ နောင်တရစရာ များများစားစားကျန်မနေခဲ့ဘူးဆိုရင် ကိုယ့်ဘဝကို ကျေနပ်မိနေမယ် ထင်တယ်။ ကိုယ့်ကိုယ်တော့ ရာနှုန်းပြည့် အာမမခံရဲဘူးဆိုတာကို တွေ့ပြီးတော့ ကိုယ့်ဖာသာကိုယ် ပြုံးမိတယ်။ ဒါကိုက ကိုယ့်ပင်ကိုယ်စရိုက်သဘာဝထဲက တစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့လဲ နောင်တရစရာ မရှိရလေအောင် နေထိုင်မယ်လို့ ခုချိန် ဆုံးဖြတ်မိနေတာဆိုတော့ ဒါဟာလဲ အမြတ်အစွန်း တစ်ခုပဲ မဟုတ်လား။ ပုံမှန်ဆိုရင် ကိုယ်က ကိုယ့်ခံစားချက်၊ အတွေး‌အမြင်တွေကို ချရေးရမှာကို အတော်လေး ဝန်လေးမိတဲ့ထဲပါတယ်။ အဲတာကြောင့်လဲ ဒိုင်ယာရီမထားဖြစ်ဘူး။ အဓိကက ကိုယ့်ဒိုင်ယာရီကို ယူဖတ်မှာ စိုးတဲ့စိတ်က ကြီးစိုးနေလို့အပြင် ကိုယ့်ကို လှောင်ရယ်မလား၊ ကိုယ့်အကြောင်းကို သူများတွေ သိသွားလေမလား ဆိုတဲ့ ကိုယ့်ကိုယ်ကိုထက...