Skip to main content

New Zealand ရောက် မှတ်စု ၁

 New Zealand က အခြေအနေလေးတွေ ရေးမယ်လို့ တွေးထားတာ ကြာပေမဲ့ မရေးဖြစ်။ ခုဆို တစ်နှစ်ခွဲလောက်ရှိတော့မယ်။ ခုမှ စရေးတော့ NZ Christchurch လေဆိပ်ကြီးထဲ ဝင်တော့ ခံစားရတဲ့ ဘလာ ဘလာ ရေးရမလား ... ခု လက်ရှိ အခြေအနေရေးရမလား ... လားပေါင်းများစွာနဲ့ ချာချာကိုလည်လို့။ 

အမှတ်တရတော့ မှတ်စုလေးတော့ ရေးထားသင့်တယ် မဟုတ်လား။

ဘာပဲပြောပြော အသက် ၃၉ နှစ် ကျော် ၄၀ ဝန်းကျင်မှာ အခြေအနေ အသစ်၊ နေရာအသစ်ကိုရောက်ပြီး၊ အစစ အရာရာ အသစ်ပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကို မယိုင်မလဲ ရပ်တည်နိုင်တဲ့ စိတ်စွမ်းအား၊ လုပ်နိုင်တဲ့စွမ်းအားကို ချီးကျူးရမှာပဲ။ ခု ၁နှစ်ကျော် ကြာလာတဲ့ အချိန်မှာ ကိုယ်ကိုယ်ကို အတော်သတ္တိရှိပါလား လက်ခံလာပြီ 😂 (ဤကား စကားချပ်)။ 

အဲတော့ ကျောင်း Program ကနေ စရေးရရင် ... Master of Professional Accounting (CPA)၊ 180 Credit နဲ့ တစ်နှစ်ခွဲ Canterbury မှာ ရှိတဲ့ Lincoln University မှာ တက်ပါတယ်။ အဲ University က Land နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သူက အဓိကထားတာပေါ့၊ တခြား University တွေနဲ့ တော့ နည်းနည်းကွာတယ်။ Program က CPA Australia နဲ့ ချိတ်ထားတော့ Stress Level ကတော့ မြင့်ပါတယ်။ (အဲလိုပဲ လုပ်လိုက်ရင် ဘာပဲဖြစ်ဖြစ် သေသေကြေကြေ လုပ်ရတာတွေပဲ ရွေးတာ 😑) ဘာလို့ stress များလဲ ဆိုရင် ကျောင်းက Requirements ကိုလဲ လုပ်ရတဲ့ အပြင် CPA exam ကိုပါ အောင်မှ ကျောင်းပြီးမှာပါ။ ဆိုတော့ Time Management ကတော့ အရမ်းကို သေချာ လုပ်နိုင်မှ အဆင်ပြေမယ်။

နောက်တစ်ခုက Transportation။ Singapore လို Public Transport အရမ်း အဆင်ပြေတဲ့ နေရာက လာတော့ ကားလဲ မမောင်းတတ်သော ကျွန်မ အတော်လေးကို ကသီပါတယ်။ မြင်အောင်ပြောရရင် ကျောင်းကဘစ်စ်ကားစောင့်တာက ရုံးချိန်ဆိုရင်တော့ ၁၅မိနစ် တစ်စီး၊ မဟုတ်ရင် နာရီဝက် တစ်စီး၊ ညဆို တစ်နာရီမှ တစ်စီး။ တိုက်ရိုက်ဆိုရင်တော့ သိပ်ပြသနာမရှိပေမဲ့ ဘစ်စ်ကား ပြောင်းစီးရမယ်ဆို ဟိုတဖက်ကားကိုပါ စောင့်ရတယ်။ ဆိုတော့ လမ်းမှာတင် အချိန်ကုန်တော့ တွက်ခြေမကိုက်လှဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်က အချိန်နဲ့ နပန်းလုံးနေရတော့ အပြင်ထွက်ဖို့ အတော်စဥ်းစားရတယ်။ ကျောင်းမဖွင့်ခင် Christchurch မြို့ထဲ ဟိုဒီသွားလည်ထားခဲ့တော့ နှံ့ပြီးပြီ တော်သေးရဲ့ 😇။ အဲတော့ ဒီလာရင် International License ပါလာတာ အရမ်းအဆင်ပြေပါတယ်။ တစ်နှစ်ခွဲ ဒီမှာ မောင်းခွင့်ရှိပြီး မပြည့်ခင်မှာ NZ License ပြောင်းရင် ရပါပြီ။ ကားလိုင်စင်မရှိတဲ့ သူတွေ (ဒီ ဆရာမလိုပေါ့) ဆိုရင်တော့ ၃ ဆင့် သွားရပါတယ်၊ Learner ၊ Restricted ၊ Full လိုင်စင် ဆိုပြီး တစ်ဆင့်ချင်းသွားရပါမယ်။ ဒီမှာ ကားရှိမှာ အဆင်ပြေမှာပါ၊ ရောက်တာနဲ့ ကားသာ တန်းဝယ်ကြပေတော့၊ အချိန်ပိုင်းအလုပ်ဆိုလဲ ကားရှိရင် ပိုပြီးတော့ အခွင့်အလမ်းပိုများပါတယ်။ 

Theory Test အောင်သွားရင် Learner License ရပြီးတော့ ၆လ အမောင်းကျင့်ဖို့ အချိန်ပေးထားတော့ ၆လပြီးရင်တော့ Restricted License ဖြေလို့ရသွားပါပြီ။ Learner License ကတော့ ဘေးမှာ Supervisor လိုပြီးတော့၊ Restricted License ရသွားရင်ကတော့ Supervisor မလိုပဲ မောင်းခွင့်ရသွားပါပြီ။ ကန့်သန့်ချက်တစ်ချို့တော့ ရှိပါသေးတယ်။ အဲတော့ ကိုယ်က Restricted License ရဖို့ အားသွန်ခွန်စိုက်ကြိုးစားနေပါတယ် 😅။ 

ကားအကြောင်းပြီးတော့ Christchurch မှာ ရှိတဲ့ မြန်မာ Community အကြောင်းပြောရရင်တော့ အရမ်းကူညီပေးကြပါတဲ့ အသိုင်းအဝန်းလေးပါ။ ကိုယ်လိုအပ်တဲ့အချိန် ကိုယ်ထိလက်ရောက်ကော စိတ်ခွန်အားအရကော အားပေးကြတာ ကျေးဇူးတင်ရပါတယ်။ Singapore တစ်ကျွန်းကနေ အခြေအနေအရ NZ နောက်တစ်ကျွန်းကို ရောက်လာတဲ့သူတွေလဲ ရှိကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီရောက်မှ ခင်ကြပေမဲ့ လိုအပ်ရင် လိုအပ်သလို ကူညီပေးဖို့ ဝန်မလေးကြတာတော့ မြန်မာအချင်းချင်းကြားက နွေးထွေးမှုပဲ။ တခြားလူမျိုး အတန်းဖော်တွေ ဆိုရင် အဲလိုမျိုး မတွေ့ရဘူး။ 

 အနှစ်ချုပ်ရရင် ခုထိတော့ ကျောင်းကိစ္စကော ကားမောင်းတဲ့ကိစ္စကော ကြိုးစားမြဲ ကြိုးစားဆဲပါပဲ။ ခုအခြေအနေအထိ ကိုယ့်ကိုယ် Support ပေးနေတဲ့ အိမ်က မိဘ၊ ချစ်ညီမလေးက စလို့ Singapore က သူဌေး၊ ညီအမလို ဖြစ်နေတဲ့ မန်နေဂျာတွေ၊ သူငယ်ချင်း ချစ်သူခင်သူတွေရဲ့ အားကလဲ ပေါ့သေးသေးမဟုတ်ဘူး။ သူတို့တွေမရှိရင် ကိုယ်လဲ ဒီလို အခြေအနေထိ ဖြစ်မလာဘူး။ ဘာပဲဖြစ်လာလာ ကိုယ်ကတော့ ဆက်လျှောက်နေရမှာပဲ ... တစ်ချိန်ချိန်ကျရင်တော့ အလုံးစုံ ပြီးဆုံးအောင်မြင်သွားမှာပါပဲ။ 

နောက်မှပဲ (ဘယ်တော့လဲတော့ မသိဘူး 😬) ဒီမှာ Volunteer အနေနဲ့ အချိန်ပိုင်း အလုပ်လုပ်တဲ့ အကြောင်းလေး ရေးပါဦးမယ်။ 😍


Comments

  1. စာတွေပြန်ရေးပါ မတ်မတ်, အတွေ့အကြုံလေးတွေ ဖတ်ဖို့စောင့်နေပါတယ် <3

    ReplyDelete

Post a Comment

Popular posts from this blog

မှတ်စုရေးဖို့

မှတ်စုလေး‌တွေ ရေးမှတ်ထားမယ်လို့ စိတ်ကူးလေး ရနေတာ ကြာပြီ။ နောင်တချိန် ပြန်ဖတ်တဲ့အခါ တစ်ခုခု စိတ်ကြည်နူးစရာလေးများ ရမလား၊ "အို ... ငါ အတော်လေး မရင့်ကျက်ခဲ့ပါလား" တွေးမိလေမလား၊ ငါ ဒီလိုလေးများ လုပ်ခဲ့ရင် ပိုများ အကျိုးအမြတ်များလေမလား လို့ ယူဆမိလေမလား ဆိုပြီး အနာဂတ်က ကိုယ့်ကိုယ်ကိုအကြောင်း‌ တွေးမိတော့လဲ ရင်ခုန်မိသား။ ပြီးခဲ့တဲ့ အတိတ်ကို ပြန်ပြောင်းလို့ မရပေမဲ့ နောင်တရစရာ များများစားစားကျန်မနေခဲ့ဘူးဆိုရင် ကိုယ့်ဘဝကို ကျေနပ်မိနေမယ် ထင်တယ်။ ကိုယ့်ကိုယ်တော့ ရာနှုန်းပြည့် အာမမခံရဲဘူးဆိုတာကို တွေ့ပြီးတော့ ကိုယ့်ဖာသာကိုယ် ပြုံးမိတယ်။ ဒါကိုက ကိုယ့်ပင်ကိုယ်စရိုက်သဘာဝထဲက တစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့လဲ နောင်တရစရာ မရှိရလေအောင် နေထိုင်မယ်လို့ ခုချိန် ဆုံးဖြတ်မိနေတာဆိုတော့ ဒါဟာလဲ အမြတ်အစွန်း တစ်ခုပဲ မဟုတ်လား။ ပုံမှန်ဆိုရင် ကိုယ်က ကိုယ့်ခံစားချက်၊ အတွေး‌အမြင်တွေကို ချရေးရမှာကို အတော်လေး ဝန်လေးမိတဲ့ထဲပါတယ်။ အဲတာကြောင့်လဲ ဒိုင်ယာရီမထားဖြစ်ဘူး။ အဓိကက ကိုယ့်ဒိုင်ယာရီကို ယူဖတ်မှာ စိုးတဲ့စိတ်က ကြီးစိုးနေလို့အပြင် ကိုယ့်ကို လှောင်ရယ်မလား၊ ကိုယ့်အကြောင်းကို သူများတွေ သိသွားလေမလား ဆိုတဲ့ ကိုယ့်ကိုယ်ကိုထက...

Satisfied By Jewel

အခု လောလောလတ်လတ် ကြိုက်နေတဲ့ သီချင်းပါ။ MTV က အဆိုတော် သရုပ်ဆောင်ပုံ ကို ကြည့်ပြီးတော့ ပိုပြီးတောင် သီချင်းကို ချစ်မိတယ်။ အဆိုရှင်ကလဲ ချစ်စရာကောင်းတာကိုး။ I LOVE HER. :P If you love somebody You better let it out Don’t hold it back While you’re trying to figure it out Don’t be timid Don’t be afraid to hurt Run toward the flame, run toward the fire Hold on for all your worth Cause the only real pain Y our heart can never know Is sorrow or regret When you don’t let your feeling show So did you say it Did you mean it Did you lay it on the line, did you make it count Did you look ‘em in the eye ; did they feel it Did you say in time Did you say out loud Cause if you did Hun Then you lived some And that feeling inside That’s called satisfied Busy people walkin’ by can’t help but worry some So many things to do So little love gets done Empty hearts everywhere Drowning but dying of thirst But if you want love, it’s not that t...