Skip to main content

Posts

Showing posts from September, 2025

New Zealand ရောက် မှတ်စု ၁

 New Zealand က အခြေအနေလေးတွေ ရေးမယ်လို့ တွေးထားတာ ကြာပေမဲ့ မရေးဖြစ်။ ခုဆို တစ်နှစ်ခွဲလောက်ရှိတော့မယ်။ ခုမှ စရေးတော့ NZ Christchurch လေဆိပ်ကြီးထဲ ဝင်တော့ ခံစားရတဲ့ ဘလာ ဘလာ ရေးရမလား ... ခု လက်ရှိ အခြေအနေရေးရမလား ... လားပေါင်းများစွာနဲ့ ချာချာကိုလည်လို့။  အမှတ်တရတော့ မှတ်စုလေးတော့ ရေးထားသင့်တယ် မဟုတ်လား။ ဘာပဲပြောပြော အသက် ၃၉ နှစ် ကျော် ၄၀ ဝန်းကျင်မှာ အခြေအနေ အသစ်၊ နေရာအသစ်ကိုရောက်ပြီး၊ အစစ အရာရာ အသစ်ပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကို မယိုင်မလဲ ရပ်တည်နိုင်တဲ့ စိတ်စွမ်းအား၊ လုပ်နိုင်တဲ့စွမ်းအားကို ချီးကျူးရမှာပဲ။ ခု ၁နှစ်ကျော် ကြာလာတဲ့ အချိန်မှာ ကိုယ်ကိုယ်ကို အတော်သတ္တိရှိပါလား လက်ခံလာပြီ 😂 (ဤကား စကားချပ်)။  အဲတော့ ကျောင်း Program ကနေ စရေးရရင် ... Master of Professional Accounting (CPA)၊ 180 Credit နဲ့ တစ်နှစ်ခွဲ Canterbury မှာ ရှိတဲ့ Lincoln University မှာ တက်ပါတယ်။ အဲ University က Land နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သူက အဓိကထားတာပေါ့၊ တခြား University တွေနဲ့ တော့ နည်းနည်းကွာတယ်။ Program က CPA Australia နဲ့ ချိတ်ထားတော့ Stress Level ကတော့ မြင့်ပါတယ်။ (အဲလိုပဲ လုပ်လိုက်ရင် ဘာပဲဖြစ်...