Skip to main content

စမ်းသပ်မှု

ခေါင်းစဥ် ကြည့်ရုံနဲ့ဒီကလေးမ ဘာများ စမ်းပြန်တာတုန်းလို့တွေးထင်ဖွယ်ရှိပါလိမ့်မယ်။

တခြားမဟုတ်ပါ။ မိန်းကလေး ဖြစ်ရတဲ့ ဒုက္ခပေါ်အခြေခံပြီး ပေါ်ပေါက်လာတဲ့ စမ်းသပ်မှုပါ။

စလုံးက မိန်းကလေးတွေကို ကြည့်လိုက်။ တအားလှကြပါတယ်။ မျက်တောင်လေးများက မိုးထိအောင် ကော့ပြီးတော့။ လှရက်နိုင်လိုက်ကြပုံများ။ မိန်းကလေးတွေရဲ့အလှက မျက်လုံးပေါ်တည်နေတယ်ဆိုသလိုပဲ။ မျက်တောင်လေးကကော့၊ မျက်လုံးကာချယ်တွေနဲ့မျက်လုံးက ပေါ်လွင်ပြီး၊ တချက်အကြည့်ခံရရင်ကို မူးမေ့လဲမတတ်ပါပဲ။

အဲသလို သူများတွေ လှတယ်ဆိုတာ မြင်ရ၊ တွေ့နေရပြန်လေတော့၊ အနှီ မိန်းကလေးတဦးဖြစ်တဲ့ မေသူဆိုသဟာလဲ မျက်ဝန်းလှလှ ပိုင်ချင်ပြန်တော့တယ်။ နဂိုမျက်လုံးက မှေးမှေး၊ မျက်ရစ်ကမရှိ၊ မျက်တောင်က မျက်ရစ်အောက်ထဲဝင်နေရှာတော့ မျက်တောင်က မကော့နိုင်၊ အဲသလောက် နုံချာတဲ့မျက်လုံးပိုင်ရှင် ဖြစ်တဲ့သူဆိုတော့ ခုခေတ်ကာလ တီထွင်သူတွေကို မတရားကျေးဇူးတင်မိပါတယ်။ ခုခေတ်က အတုတွေလဲ များသကိုးး။ မျက်တောင်တုတော့တပ်မဟေ့လို့စမ်းသပ်ချင်စိတ် တဖွားဖွား စိတ်ထဲ ရင့်သန်ခဲ့တာ အချိန်လွန်စွာ ကြာမြင့်ခဲ့ပါပြီ။

သို့ပေမဲ့ အနီးအနား ရှိတဲ့ ညီမ၊ အစ်ကိုတော်များ၏ တရစပ်ထိုးနှက်မှုကြောင့် အကောင်အထည်မပေါ်ဖြစ်ခဲ့လေသမျှ (သူတို့ကွယ်ရာကျရင်တော့... ဟဲဟဲ အပီပဲ) ... ဂျန်းတင်း (Genting) ဆိုတဲ့ နယ်မြေကို တခြား ကျောင်းတက်ဖော် သူငယ်ချင်းများနဲ့ခြေဦးလှည့်ခွင့်ရတယ်ဆိုရင်ဖြင့် စမ်းသပ်ဖို့အခြေအနေပေးလို့လာပါတော့တယ်။ ဟဲဟဲ...

ဂျန်းတင်းရောက်တယ် ဆိုတာနဲ့... ဟိုတယ်အောက်ထပ်မှာရှိတဲ့ Watson က မျက်တောင်တုကို မတန်မတရားဝယ်ခဲ့ရပါသေးတယ်။ သြော် လှချင်တဲ့ မိန်းကလေးဘဝ။ ကုန်ဦးပေါ့ဟေ။ အလွန်သနားစရာကောင်းပါတယ်။

 "အို ဘာဖြစ်သတုန်း စမ်းသပ်တာ ဘယ်လိုဆိုတာ သိရတာပေါ့" လို့ရဲဆေးတင် မျက်လုံးစုံပိတ် ဝယ်ပစ်လိုက်ပါတယ်။

ဝယ်ပြီးသကာလ ဘုံကျောင်း (Chin Swee Cave Temple) ကို သွားလည်ပတ်ပါတယ်။ သူငယ်ချင်းများနဲ့ကျိတ်တိုင်ပင်ထားတာက ဘုံကျောင်းမှာ နားနေတုန်းလေး မျက်တောင်တုတပ်မှာပါ။ ထိုကဲ့သို့လဲ နေရာမရှောင် လှချင်ရှာကြပါတယ်... မိန်းကလေးများ ဘဝပါ။

သူငယ်ချင်းက မျက်တောင် တပ်ပေးရှာပါတယ်။ ပထမဆုံး ခံစားချက်... လုံးဝ သက်တောင့်သက်သာ မရှိပါ။ မျက်လုံးပေါ်မှာ တခုခု ကပ်နေသလိုလို... (တကယ်လဲ ကပ်ထားတာကိုးး)။ မျက်လုံးပေါ်တခုခု မိုးနေသလိုလို (တကယ်လဲ မျက်တောင်ကြီးက မိုးလို့ ... ရှည်လိုက်တဲ့ မျက်တောင်)။ မျက်လုံးက ကြည့်ရတာမကြည်သလိုလို။ ကိုယ်က မျက်လုံးသာမှေးတာ သူများကို မျက်လုံးလေး ပင့်ကာ ဝင့်ကာနဲ့ကြည့်ချင်သား။ မျက်တောင်ကြီးလဲ တပ်ကော ဟတ်လားးမားးး မျက်လုံးကို ဝင့်ကာ ပင့်ကာ ကြည့်ဖို့နေနေသာသာ။ နဂို အော်လဂျင်နယ်မျက်လုံးက နှစ်ခါပြန်မှေးသွားသလိုပဲ။

အဲမှာ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပါတော့တယ်။ RM25 ပေးဝယ်လာတဲ့ မျက်တောင်လဲ ဖြုတ်ပစ်လိုက်ပါတော့တယ်။ လုံးဝမတပ်ချင်တော့ပါ။ မေသူ့လို လျှပ်ပြာ၊ ပြာလောင်ခတ်နေတဲ့ သူနဲ့တော့ လုံးဝ အဆင်မပြေရေးချမပြေပါ။ နေရတာလဲ ကျဉ်းကျပ်၊ အမြင်က မကြည်မလင်၊ အခန့်မသင့် မျက်လုံးကို မေ့ပြီးသာ ပွတ်ကြည့် သွားပေရော့ပဲ ကော်ကပ်ထားတာကြီးက ရွဲပလဲ သွားလိုက်မယ်ဖြစ်ချင်း။ အို ... တွေးရဲဘူး။

တစ်ခုတော့ ကောင်းသွားတာပေါ့လေ... အစ်ကိုတော်များ နားညည်းသက်သာသွားရှာကြတာပေါ့။ ကိုယ့်မှာတော့ စမ်းသပ်ချင်သမျှ ပိုက်ဆံကုန်သွားတာပဲ အဖတ်တင်တယ်။ တခြားလှတဲ့ မိန်းကလေးတွေကိုပဲ တစိမ့်စိမ့်ကြည့်ပါတော့မယ်လို့သဓိဌာန်ချလိုက်ပါတော့တယ်။

ချစ်ညီမ၊ အစ်မများလဲ စမ်းသပ်ကြည့်ချင်ရင် စမ်းကြည့်ကြပါ။ (ကိုယ်လဲ နောက်တခေါက်ထပ်စမ်းရင် ကောင်းးးမလားးး)

:P

Comments

  1. အေ နောက်တခါ စမ်းသပ်ရင် ငါလဲပါမယ်ဟာ. တစုံပိုဝယ်ခဲ့. တချို့ကိစ္စတွေက တူတူလုပ်မှ အောင်မြင်တာမျိုးတွေ ရှိတယ်

    ReplyDelete
  2. ဟမလေး .. ၀ါသနာ မသေးဘူး အပေါ်က တယောက် .. :P
    နာ့တပ်ပေးကြည့်စမ်းဘာ

    ReplyDelete

Post a Comment

Popular posts from this blog

New Zealand ရောက် မှတ်စု ၁

 New Zealand က အခြေအနေလေးတွေ ရေးမယ်လို့ တွေးထားတာ ကြာပေမဲ့ မရေးဖြစ်။ ခုဆို တစ်နှစ်ခွဲလောက်ရှိတော့မယ်။ ခုမှ စရေးတော့ NZ Christchurch လေဆိပ်ကြီးထဲ ဝင်တော့ ခံစားရတဲ့ ဘလာ ဘလာ ရေးရမလား ... ခု လက်ရှိ အခြေအနေရေးရမလား ... လားပေါင်းများစွာနဲ့ ချာချာကိုလည်လို့။  အမှတ်တရတော့ မှတ်စုလေးတော့ ရေးထားသင့်တယ် မဟုတ်လား။ ဘာပဲပြောပြော အသက် ၃၉ နှစ် ကျော် ၄၀ ဝန်းကျင်မှာ အခြေအနေ အသစ်၊ နေရာအသစ်ကိုရောက်ပြီး၊ အစစ အရာရာ အသစ်ပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကို မယိုင်မလဲ ရပ်တည်နိုင်တဲ့ စိတ်စွမ်းအား၊ လုပ်နိုင်တဲ့စွမ်းအားကို ချီးကျူးရမှာပဲ။ ခု ၁နှစ်ကျော် ကြာလာတဲ့ အချိန်မှာ ကိုယ်ကိုယ်ကို အတော်သတ္တိရှိပါလား လက်ခံလာပြီ 😂 (ဤကား စကားချပ်)။  အဲတော့ ကျောင်း Program ကနေ စရေးရရင် ... Master of Professional Accounting (CPA)၊ 180 Credit နဲ့ တစ်နှစ်ခွဲ Canterbury မှာ ရှိတဲ့ Lincoln University မှာ တက်ပါတယ်။ အဲ University က Land နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သူက အဓိကထားတာပေါ့၊ တခြား University တွေနဲ့ တော့ နည်းနည်းကွာတယ်။ Program က CPA Australia နဲ့ ချိတ်ထားတော့ Stress Level ကတော့ မြင့်ပါတယ်။ (အဲလိုပဲ လုပ်လိုက်ရင် ဘာပဲဖြစ်...

ဒီရေ

ဒီရေ... ဒီရေ ဆိုတာ အတက်အကျရှိတယ်... အတက်ရှိပြီး အကျရှိတယ်ဆိုတာ သဘာဝ တရားပေါ့... သဘာဝတရားဆိုတာ အမြဲတမ်း အမှန်တရား... အမြဲတမ်းမှန်တဲ့ အတွက် လက်ခံကြရတယ်။ စိတ်အလျဉ်... စိတ်အလျဉ်ဆိုတာ အတက်အကျရှိတယ်... တက်ပြီးကျ၊ ကျပြီးတက်... ပြောင်းလဲမှု သဘာဝ တရားပေါ့... ဒါဟာလဲ... လောကဓမ္မ။ ဒါပေမဲ့ မင်းစိတ်အလျဉ်ကြောင့်... တပါးသူကို ဘယ်အထိ ထိခိုက်မိပြီလဲ... မထိခိုက်မိအောင် ကြိုးစားပြီးပြီလား...