Skip to main content

Posts

Showing posts from June, 2023

Certificate

  ကျွန်တော့ ဘဝ စခဲ့ရပြီ ကဗျည်းတင်မည် Birth Certificate။ ရခဲ့ပါပေါ့ ရွက်ပေါင်းများစွာ အသိမှတ်ပြု Educational Certificates။ တူနှစ်ကိုယ်တွဲ စုန်ဆန်ချင်လဲ ပါလာပြန်ပြီ Marriage Certificate။ မီးဇာကုန်ခမ်း နေဝင်ချိန်ဝယ် တမ်းဝင်ရပြန်ပေါ့ Death Certificate။ စ လယ် ဆုံး ခရီးတလျှောက် သူနဲ့သာလျှင် ခရီးသွားရ မုန်းရက်ပါဘူး Cert: ရေ။

ဗလာ

  ဟုတ်တိုင်းမှန်ရာ လျှောက်တင်ချင်ဘိ။ ငါ၏ဘဝ စခဲ့ရပြီ ဗလာ သုည နိတ္ထိတန်။ ကြီးပြင်း ရွယ်ရောက် လှုပ်ရှား ရုန်းကန် နိတ္ထိတန်ဆဲ။ ယခုဘဝ သက်မပျောက်ခင် ဗလာဘဝ ကျွတ်ချင်ပေမင့် မတတ်နိုင်ဘု။ ကယ်ပါ ကယ်ပါ ဟစ်ကြွေးဘဝ ကင်းကွာမဲ့ကာ အားထုတ်ကာပင် ပါရမီဖြည့်လို့ သုညဘဝ လွတ်ကင်းလို။

ဇာတ်သိမ်းခန်းဆီသို့

  ငါသာလျှင် တော်၏ တတ်၏ သြဇာပြည့်ဝ ကိုရွှေလက်မ သူဝင့်ကြွား။ ကိုယ်မှတပါး ထိုထိုသူသူ အပြစ်တွေဖို့ စိတ်နှလုံးဆွဲချ ကိုရွှေလက်ညှိုး သူဦးတည်။ သူတကာလယ် ထင်ပေါ်ကျော်ဇော သို့စေကာမူ ယုတ်မာမှုတွေသာ ကိုရွှေလက်ခလယ် သူဆောင်ကြဉ်း။ သြော်... ထိုထိုလူတွေ ကိုယ့်ဘဝလေးတော့ မြင်စေချင်... ကျယ်ပြန့်နက်ရှိုင်း ၃၁ဘုံ ပင်လယ်ပြင်ဝယ် စုန်းစုန်းမြုပ်တဲ့ ခဲ(လုံး)သဖွယ် ဘယ်ဆီဘယ်ဝယ် ခေါင်းချကာဖြင့် ဇာတ်သိမ်းရမယ်။ Image from: https://mgagnesi.files.wordpress.com/2013/06/death.jpg

အတ္တ

  လူဆိုတာ ကိုယ့်အတ္တနဲ့ကိုယ်တဲ့ ငါကကော။ နင့်အနားမှာ နေချင်တဲ့ ငါကကော။ နင့်ဆီ ငါ့အချစ်ကို ယဇ်ပူဇော်ချင်တဲ့ ငါကကော။ နင့်ဥပက္ခာကို လစ်လျူရှုချင်တဲ့ ငါကကော။ သေချာပါပြီ နင့်ကြောင့် ငါက ကယ်သူမဲ့ အတ္တသားကောင်ဆိုတာ။

အမိုးအကာ

  အန္တာရာယ်သွယ်သွယ် ကာကွယ်ထားတဲ့ ကျွန်မရဲ့ အမိုးအကာလေးရယ် ရှင့်ကြောင့် ကျွန်မဘဝ ကြောင့်ကြမဲ့ပါ။ သောကမိုးရည် အသွယ်သွယ် ပူပြင်းလောင်မြိုက် အထွေထွေ ကာ ... ကာဆီးတား ရှင့်ရဲ့ မေတ္တာ အေးမြပါဘိ။ သို့ပါသော်လည်း လှည့်စားတတ်တဲ့ လောကလယ် ရှင်ကိုယ် ... ကိုယ်တိုင် ပြိုပျက် စွန့်ခွါ ငြိုးမာန်ဖွဲ့လေ ကျန်ရစ် ကျွန်မတစ်ယောက်တည်း။