ကျွန်တော့ ဘဝ စခဲ့ရပြီ
ကဗျည်းတင်မည် Birth Certificate။
ရခဲ့ပါပေါ့ ရွက်ပေါင်းများစွာ
အသိမှတ်ပြု Educational Certificates။
တူနှစ်ကိုယ်တွဲ စုန်ဆန်ချင်လဲ
ပါလာပြန်ပြီ Marriage Certificate။
မီးဇာကုန်ခမ်း နေဝင်ချိန်ဝယ်
တမ်းဝင်ရပြန်ပေါ့ Death Certificate။
စ လယ် ဆုံး ခရီးတလျှောက်
သူနဲ့သာလျှင် ခရီးသွားရ မုန်းရက်ပါဘူး Cert: ရေ။
Comments
Post a Comment