ငါသာလျှင်
တော်၏ တတ်၏
သြဇာပြည့်ဝ
ကိုရွှေလက်မ
သူဝင့်ကြွား။
ကိုယ်မှတပါး
ထိုထိုသူသူ
အပြစ်တွေဖို့
စိတ်နှလုံးဆွဲချ
ကိုရွှေလက်ညှိုး
သူဦးတည်။
သူတကာလယ်
ထင်ပေါ်ကျော်ဇော
သို့စေကာမူ
ယုတ်မာမှုတွေသာ
ကိုရွှေလက်ခလယ်
သူဆောင်ကြဉ်း။
သြော်...
ထိုထိုလူတွေ
ကိုယ့်ဘဝလေးတော့
မြင်စေချင်...
ကျယ်ပြန့်နက်ရှိုင်း
၃၁ဘုံ ပင်လယ်ပြင်ဝယ်
စုန်းစုန်းမြုပ်တဲ့
ခဲ(လုံး)သဖွယ်
ဘယ်ဆီဘယ်ဝယ်
ခေါင်းချကာဖြင့်
ဇာတ်သိမ်းရမယ်။
Image from: https://mgagnesi.files.wordpress.com/2013/06/death.jpg
Comments
Post a Comment