Skip to main content

New Zealand ရောက် မှတ်စု (၂)

 နယူးဇီလန်မှာ လုပ်တဲ့ လုပ်အားပေးအလုပ်များ


Volunteer အလုပ်တွေက ကျောင်း Program ကလဲ အရမ်းတင်းကျပ်လွန်းတယ်၊ အချိန်ပိုင်းအလုပ်လဲ လုပ်ဖို့ မလွယ်ဘူး (သို့) အချိန်ပိုင်းအလုပ်လဲ မရသေးဘူး ဆိုတဲ့သူတွေအတွက် အချိန်ရရင် လုပ်ဖို့ အကြံပေးဖြစ်တယ်။ အထူးသဖြင့် Retail ပိုင်းတွေမှာ။ ဘာလို့လဲ ဆိုရင် ...

၁။ စျေးလဲရောင်းရင်း Local တွေ အထူးသဖြင့် အဖြူ ကီဝီတွေနဲ့ စကားအပြောအဆို သူတို့ လေယူလေသိမ်းကို ကျက်မိမယ်။
၂။ NZ ရဲ့ လုပ်ငန်းခွင်ကို လေ့လာလို့ရမယ်။
၃။ လုပ်ဖော်ကိုင်ဖက်တွေ စျေးဝယ်သူ နဲ့ Network တည်ဆောက်နိုင်မယ်။
၄။ အတွေ့အကြုံရမယ်။ CV ထဲ ထည့်လို့ရတယ်။
၅။ Reference အနေနဲ့ တောင်းဆိုနိုင်တယ်။ ဒါက ဒီမှာ အလုပ်ရှာရင် Referee မပေးမနေရ ပေးရပါတယ်။ တကယ်လဲ ဖုန်းခေါ်ပြီး မေးပါတယ်။

New Zealand မှာ Volunteer Jobs တွေ တွင်ကျယ်တယ်လို့ပြောရမယ်။ Seek ကနေတဆင့်လဲ ရှာလို့ရတယ်။ ကျောင်းက career website ကနေလဲ ရနိုင်တယ်။

မေသူရဲ့ မူလပထမ ရည်ရွယ်ချက်က အလုပ်ရှာရင် အထောက်အပံ့ဖြစ်အောင်ပါ။ အရင်ရောက်နေတဲ့ မြန်မာ Community က စီနီယာတွေက NZ experience အရေးကြီးကြောင်း၊ ဘယ်နေရာမှာမဆို ဝင်လုပ်ထားတာ ကောင်းတယ်ဆိုတာ ကြားရတော့ ကိုယ်ကိုယ်တိုင်က ပိုက်ဆံရတဲ့အလုပ်မှာ လုပ်နိုင်မှာမဟုတ်ဆိုတာက တစ်ကြောင်း၊ Uni ထဲက အလုပ်တွေက တနှစ်စီကြိုပြီးတော့ ခေါ်တာဆိုတော့ ကိုယ်ကအကြောင်းကြောင်းကြောင့် လျှောက်ဖို့မလွယ်တာက တစ်ကြောင်း၊ Public Transport ကလဲ​အဆင်မပြေတာက တစ်ကြောင်း နဲ့ အချိန်ပိုင်းအလုပ်မရှာဖြစ်ဘူး။ ဒါပေမဲ့ ထိုင်နေပြီး ဘာမှ မလုပ်တာထက် ပိုက်ဆံမရတဲ့ အလုပ်တော့ ရအောင်ရှာမယ်ဆိုပြီးတော့ ပထမ Semester အပြီး Summer Jan 2025 တုန်းက seek မှာ ရှာကြည့်ပါတယ်။ Southern Cancer Society နဲ့ Red Cross က Retail Shops မှာ Volunteer အလုပ်လျှောက်တယ်။ ပြီးတော့ အရင်က သွားဖူးတဲ့ The Salvation Army က Family Store ဆိုတာ ရှိတာ သိထားတော့ သူ့ရဲ့ Website ကို သွားကြည့်ပြီး လျှောက်ထားလိုက်တယ်။ သူကတော့ ဘယ်ကမှ လုပ်အားပေးလိုပါတယ်လို့ မကြေငြာဘူး။

တချို့က Salvation Army မှာ လုပ်တော့ နှာခေါင်းရှုံ့တာ ဘာညာ ရှိတာ ကြားဖူးပါတယ်။ အဲလိုမျိုးက လှူပေးတဲ့သူနဲ့ အဲမှာ လုပ်နေကြတဲ့ Staff တွေ Volunteer တွေ၊ လာဝယ်တဲ့ သူတွေကို စော်ကားသလိုခံစားရတယ်။ ထားတော့။ 😅

ပြန်ဆက်ရရင် Southern Cancer Society က သူတို့ရဲ့ Preloved Store အသစ်အတွက် ခေါ်ပါတယ်။ အဲတုန်းက ကြီးကြီးကျယ်ကျယ်ပေါ့ Available Date / Time တွေပေးတာ။ စကားကတော့ သန်းထားရတယ်။ Timetable ထွက်လာရင်တော့ ပြောင်းမှာလို့။ 😀 အဲမှာလဲ Police Clearance လုပ်ပါတယ်။ Referee တွေ နာမည်ပေးရတယ်။ ကျောင်းက သူငယ်ချင်း အဆောင်မှူးလိုမျိုး RA (Resident Assistant) နဲ့ကလဲ ခင်တော့ သူတို့ နာမည်တွေပဲ ထည့်ပေးလိုက်တယ်။

အဲ နောက်တော့ မကြာဘူး။ Salvation Army ကလဲ လှမ်းခေါ်တယ်။ ရမယ့်ရတော့ ၂ခု၊ Cancer မှာလဲ ရထားတယ်၊ လာတော့ လာခဲ့မယ်ဆိုပြီး Store In-charge နဲ့ တွေ့လိုက်တယ်။ သူက တစ်ရက်ပဲရတယ်ဆိုတော့ အားနေတာ Weekend Slot လဲ ရှိနေတာနဲ့ အဲမှာ တစ်ရက်လုပ်မယ်ဆိုဖြစ်သွားတော့တယ်။ အဲမှာလဲ Police Clearance ထပ်လုပ်တယ်။ Referee ပေးရတယ်။ လုပ်နိုင်မလုပ်နိုင် အပထား ၂ခုတော့ လုပ်ဖို့ လက်ခံထားလိုက်တယ်။ 😀

Jan 2025 လောက်တုန်းက Salvation Army Rolleston Branch မှာ အရင်စ လုပ်ပါတယ်။ Store က အကြီးကြီးပါ။ ပစ္စည်းအစုံရှိတယ်။ Furniture, Cabinet, Dressing Table, Clothes, Books, Toys, Sports Equipment, Bed, Matteress အစုံပဲ။ အဲတုန်းက အတူတူလုပ်ရတဲ့ Staff ကလဲ အရမ်း ခင်စရာကောင်းတယ်။ သူက ခုတော့ အလုပ်ထွက်သွားပြီးတော့ Nursing တက်နေပြီ၊ သူနာပြုပဲ လုပ်ချင်တဲ့ Brazil သူလေး။ ခုတော့ နောက် အသစ် တစ်ယောက်။ သူနဲ့ကကျ အလုပ်မှာ ပိုဟီးဟား၊ သူကကျ ကီဝီမလေး။ စနေတိုင်း အမြဲလို လုပ်တော့ လာတဲ့ ဝယ်သူတွေနဲ့လဲ ရင်းနီးလာတယ်။ သူတို့ကလဲ စနေတိုင်း အပတ်တိုင်း မပြတ်လာတယ်။ တချို့က ပစ္စည်းလာဝယ်တယ်၊ ပြန်ပြုပြင်တယ် ပြီးတော့ ပြန်ရောင်းတယ်။ ဦးလေးတစ်ယောက်ဆို ကောင်တာမှာ အပတ်တိုင်း Story လာပြော 😁။ သူပြောတဲ့ တစ်ခုကို အသေမှတ်ထားတယ်။ သူက နင်က အကောင့်တန့် ဆိုတော့ Israel မှာတုန်းကဟာ ပြောမယ်ဆို ပြောတာ။ အဲမှာ ပိုက်ဆံရေရင် ဘယ်တော့မှာ နောက်ဆုံးတစ်ရွက်ကို မရေဘူးတဲ့ ... အရွက် ၁၀၀ ပြီးရင် နောက်တရွက် ရှိနေနိုင်တယ်တဲ့ 😀 ... မှတ်ထားတာက ငါလဲ လုပ်ဦးမှလို့ .... 😁

Cancer Society ရဲ့ Store က ကျတော့ Salvation Army လို Staff တွေနဲ့ လုပ်ရတာ မဟုတ်ပဲနဲ့ Volunteer အချင်းချင်း လုပ်ရတာ။ Staff တွေက Support ပေးတယ်။ ဆိုင်မှာ ထိုင်ရင် Volunteer ၂ ယောက်စီပဲ Shift တစ်ခုမှာ လုပ်တယ်။ Donation လက်ခံ၊ ပစ္စည်းတွေစစ်၊ Steam လုပ်စရာ ရှိတာလုပ်၊ Casier ကိုင်၊ မနက်ဆိုင်းဆို ဆိုင်ဖွင့်၊ ညနေဆိုင်းဆို ဆိုင်ပိတ်။ အဲမှာကျ အရင်က လေကြီးမိုးကြီး ပြောထားတာ တကယ်ကျ မလုပ်နိုင်ဘူး။ 😂 ငါ့ကို Sunday ညနေဟာပဲ ပေးပါဆိုပြီးပဲ ပြောထားရတယ်။ အဲမှာ အတူတူလောက်နီးနီး အခုချိန်ထိလုပ်လာတဲ့ အန်တီနဲ့ အတော်လေးခင်လာတာ။ သူက အရမ်းခင်စရာကောင်း၊ စည်းကမ်းလဲကျတယ်။ ကိုယ်က သူ့ဆီက သင်ရ၊ ကီဝီတွေ Pantry မှာ ဘယ်လိုလုပ်လဲဆိုတာက အစပေါ့။ အဲမှာ တတ်လာတာက Table cloth သုံးတာပဲ၊ ပန်းကန် ခွက်တွေဆေးပြီးရင် အဝတ်နဲ့ သုတ်လိုက်တယ်။ ဘေစင်မှာ တန်းလန်း မဖြစ်တော့ဘူး 😁။ သူများတွေနဲ့ နေတာ ကိုယ့်ပန်းကန်ဘာညာ ပန်းကန်စင်မှာ ထားမနေတော့ဘူး၊ ဆေးပြီး သုတ်၊ သိမ်း။ ခုတော့ အပတ်တိုင်း အန်တီက ကော်ဖီလေးဖျော်တိုက်။ သူက အစုံယူလာတာ၊ ဘာသောက်မှာလဲက ရွေးရသေး 😍 Flat White၊ Cappuccino၊ Latte ဘာညာ၊ ချောကလက်လေးပါ ဖြူးလို့။ သာယာတာ 😝။ ဒီနေ့တော့ သူက Cookie တွေအများကြီးပေးလိုက်သေး။ ကျောင်းတက်တုန်းကတော့ စာကျက်ရင်း Supper အနေနဲ့ စားဖို့၊ ခုကျ မနက်စာ စားဖို့။

အဲတော့ အရင်က မူလပထမ အလုပ်ရှာရင် အထောက်အပံ့ဖြစ်အောင်လို့ဆိုပြီး စခဲ့ပေမဲ့၊ ခုကကျ တကယ်ကို စိတ်ထဲက စိတ်လိုလက်ရ လုပ်ချင်လို့ကို လုပ်ဖြစ်နေတာပါ။ ဘာပဲပြောပြော ကိုယ့်အနားမှာ ကိုယ့်ကိုယ်ကြည့်ရှူပေးတဲ့သူတွေနဲ့ တွေ့နိုင်တယ်၊ နှုတ်၏စောင်မခြင်းလဲ ရနိုင်တယ်၊ ကိုယ်က Complain တက်လို့လဲ ရတယ်၊ ကွတ်ကီးလဲ စားရနိုင်တယ်၊ ကော်ဖီလဲ သောက်ရနိုင်သေးတယ်။ 😆 အလုပ်လျှောက်တော့လဲ Salvation Army က Staff က ဝမ်းသာအားရ ဖုန်းဖြေပေးတယ်၊ ထောက်ခံချက်ကောင်းကောင်းပေးတယ် ဆိုတော့ အထောက်အပံ့ဖြစ်ပါတယ်။ ပြီးတော့ ကီဝီချင်းချင်းပြောပေးတာဆိုတော့ ပိုလဲအဆင်ပြေတယ်။

ဆိုတော့ကာ ဒီမှာ ကျောင်းတက်ရင်းနဲ့ အလုပ်တစ်ခုခုတော့ လုပ်နေဖို့လိုပါတယ်။ ပိုက်ဆံရမဲ့ အလုပ်မရနိုင်သေးရင် ပိုက်ဆံမရတဲ့ Volunteer အလုပ်လုပ်ပါ။ အနည်းဆုံးတော့ ပေါ်က အချက်တွေခံစားရပါလိမ့်မယ်။ ပြီးတော့ ပျင်းလဲ မပျင်းရတော့ဘူး။ 

Comments

Popular posts from this blog

New Zealand ရောက် မှတ်စု ၁

 New Zealand က အခြေအနေလေးတွေ ရေးမယ်လို့ တွေးထားတာ ကြာပေမဲ့ မရေးဖြစ်။ ခုဆို တစ်နှစ်ခွဲလောက်ရှိတော့မယ်။ ခုမှ စရေးတော့ NZ Christchurch လေဆိပ်ကြီးထဲ ဝင်တော့ ခံစားရတဲ့ ဘလာ ဘလာ ရေးရမလား ... ခု လက်ရှိ အခြေအနေရေးရမလား ... လားပေါင်းများစွာနဲ့ ချာချာကိုလည်လို့။  အမှတ်တရတော့ မှတ်စုလေးတော့ ရေးထားသင့်တယ် မဟုတ်လား။ ဘာပဲပြောပြော အသက် ၃၉ နှစ် ကျော် ၄၀ ဝန်းကျင်မှာ အခြေအနေ အသစ်၊ နေရာအသစ်ကိုရောက်ပြီး၊ အစစ အရာရာ အသစ်ပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကို မယိုင်မလဲ ရပ်တည်နိုင်တဲ့ စိတ်စွမ်းအား၊ လုပ်နိုင်တဲ့စွမ်းအားကို ချီးကျူးရမှာပဲ။ ခု ၁နှစ်ကျော် ကြာလာတဲ့ အချိန်မှာ ကိုယ်ကိုယ်ကို အတော်သတ္တိရှိပါလား လက်ခံလာပြီ 😂 (ဤကား စကားချပ်)။  အဲတော့ ကျောင်း Program ကနေ စရေးရရင် ... Master of Professional Accounting (CPA)၊ 180 Credit နဲ့ တစ်နှစ်ခွဲ Canterbury မှာ ရှိတဲ့ Lincoln University မှာ တက်ပါတယ်။ အဲ University က Land နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သူက အဓိကထားတာပေါ့၊ တခြား University တွေနဲ့ တော့ နည်းနည်းကွာတယ်။ Program က CPA Australia နဲ့ ချိတ်ထားတော့ Stress Level ကတော့ မြင့်ပါတယ်။ (အဲလိုပဲ လုပ်လိုက်ရင် ဘာပဲဖြစ်...

စမ်းသပ်မှု

ခေါင်းစဥ် ကြည့်ရုံနဲ့ဒီကလေးမ ဘာများ စမ်းပြန်တာတုန်းလို့တွေးထင်ဖွယ်ရှိပါလိမ့်မယ်။ တခြားမဟုတ်ပါ။ မိန်းကလေး ဖြစ်ရတဲ့ ဒုက္ခပေါ်အခြေခံပြီး ပေါ်ပေါက်လာတဲ့ စမ်းသပ်မှုပါ။ စလုံးက မိန်းကလေးတွေကို ကြည့်လိုက်။ တအားလှကြပါတယ်။ မျက်တောင်လေးများက မိုးထိအောင် ကော့ပြီးတော့။ လှရက်နိုင်လိုက်ကြပုံများ။ မိန်းကလေးတွေရဲ့အလှက မျက်လုံးပေါ်တည်နေတယ်ဆိုသလိုပဲ။ မျက်တောင်လေးကကော့၊ မျက်လုံးကာချယ်တွေနဲ့မျက်လုံးက ပေါ်လွင်ပြီး၊ တချက်အကြည့်ခံရရင်ကို မူးမေ့လဲမတတ်ပါပဲ။ အဲသလို သူများတွေ လှတယ်ဆိုတာ မြင်ရ၊ တွေ့နေရပြန်လေတော့၊ အနှီ မိန်းကလေးတဦးဖြစ်တဲ့ မေသူဆိုသဟာလဲ မျက်ဝန်းလှလှ ပိုင်ချင်ပြန်တော့တယ်။ နဂိုမျက်လုံးက မှေးမှေး၊ မျက်ရစ်ကမရှိ၊ မျက်တောင်က မျက်ရစ်အောက်ထဲဝင်နေရှာတော့ မျက်တောင်က မကော့နိုင်၊ အဲသလောက် နုံချာတဲ့မျက်လုံးပိုင်ရှင် ဖြစ်တဲ့သူဆိုတော့ ခုခေတ်ကာလ တီထွင်သူတွေကို မတရားကျေးဇူးတင်မိပါတယ်။ ခုခေတ်က အတုတွေလဲ များသကိုးး။ မျက်တောင်တုတော့တပ်မဟေ့လို့စမ်းသပ်ချင်စိတ် တဖွားဖွား စိတ်ထဲ ရင့်သန်ခဲ့တာ အချိန်လွန်စွာ ကြာမြင့်ခဲ့ပါပြီ။ သို့ပေမဲ့ အနီးအနား ရှိတဲ့ ညီမ၊ အစ်ကိုတော်များ၏ တရစပ်ထိုးနှက်မှုကြောင့် အကောင်အထည်မပေါ်ဖြစ်ခဲ့လေသမျှ (သူ...

ဒီရေ

ဒီရေ... ဒီရေ ဆိုတာ အတက်အကျရှိတယ်... အတက်ရှိပြီး အကျရှိတယ်ဆိုတာ သဘာဝ တရားပေါ့... သဘာဝတရားဆိုတာ အမြဲတမ်း အမှန်တရား... အမြဲတမ်းမှန်တဲ့ အတွက် လက်ခံကြရတယ်။ စိတ်အလျဉ်... စိတ်အလျဉ်ဆိုတာ အတက်အကျရှိတယ်... တက်ပြီးကျ၊ ကျပြီးတက်... ပြောင်းလဲမှု သဘာဝ တရားပေါ့... ဒါဟာလဲ... လောကဓမ္မ။ ဒါပေမဲ့ မင်းစိတ်အလျဉ်ကြောင့်... တပါးသူကို ဘယ်အထိ ထိခိုက်မိပြီလဲ... မထိခိုက်မိအောင် ကြိုးစားပြီးပြီလား...