Skip to main content

ညည်းချင်လို့ညည်းတယ် :P

တနေ့တနေ့ စာရေးချင်တယ်ဆိုပြီး ဘလော့ထဲဝင်တယ်... New Post ကို နှိပ်တယ်... ရုံးမှာ အားလို့ ထိုင်နေရင်လဲ စိတ်ထဲက ရေးချင်တယ်.. ရေးချင်တယ်။ အိမ်ရောက်တော့လဲ အားကျမခံ ထပ်နှိပ်ပြန်တယ်။ တကယ်လို့သာ New Post ဆိုတဲ့ ခလုတ်ကလေးကသာ လျှပ်စစ်ပစ္စည်းခလုတ်ဆို ပျက်လောက်ပြီ။

စာကရေးချင်တယ်သာရှိတာ တွေးလိုက်တော့ ခေါင်းထဲ အာပလာ။ မတတ်နိုင်ဘူးလေ ရေးချင်တယ်ဆိုမှတော့ တခုခုတော့ ရေးမှကို ဖြစ်မယ်။ အဲတော့ ညည်းပဲညည်းပါတော့မယ်။

ချစ်လှစွာသော သူဌေး ရှေ့အပတ်က ပရောဂျက် ၃ခုရဲ့ လွန်ခဲ့တဲ့ ၂၀၀၉ နဲ့၂၀၁၀ နှစ် နှစ်စာရဲ့ အဝယ်အရောင်း စာရွက်စာတမ်းတွေကို တိုက်ရိုက်အမိန့်နဲ့ထုတ်ခိုင်းပါတယ်။ ပြောတော့ အလွယ်လေး။ ကုမ္ပဏီတစ်ခုတည်းဆိုရင်တော့ လွယ်မှာပေါ့။ အေးဆေး ကပြီးတော့တောင် ရှာပေးလိုက်ဦးမယ်။ :P

ခုတော့... ဟင်း...... အချစ်ဆုံးသူဌေး ထောင်ထားတာက ကုမ္ပဏီက ၄ခု။ ရှာလိုက်ရတာ ခေါင်းကဆံပင်တွေ အကုန်လုံး မိုးပေါ်ထောင်တက်နေပြီလား အောင့်မေ့ရတယ်။ တနေ့တနေ ့ ပုံ မှန်အလုပ်တွေလဲ ပြီးအောင် လုပ်ရသေးတယ်... ပြီးရင် စတိုခန်းထဲမှာ အချိန်ကုန်.... မိတ္တူဆွဲရလွန်းလို့မျက်လုံးက ကျိမ်း...ဖုန်နံ့တွေလဲ ရှူ... အိမ်ပြန်ရောက်ရင် စာက မလုပ်နိုင်။ အိပ်ပဲ အိပ်ချင်တော့တယ်။ (စာမေးပွဲကျရင်တော့ သူဌေး မလွယ်ဘူးမှတ်... ဟွင်းး  :P ) ဘိုင်သဝေး... ထမင်းလေးတောင် ကောင်းကောင်းဟင်းလေးတခွက်နဲ့မစားရတာကြာပြီ။ ဂလု :-[

အကူလုပ်ပေးတဲ့ တစ်ယောက်လဲ မကယ်နိုင်... ဟူးးးးး

တတ်နိုင်ဘူး။ ဒီတစ်ပတ်ပြီးအောင် ပေးပါ့မယ်ပြောထားတာ... ခုပဲ ဗုဒဟီးးပြီ။

မနက်ဖြန်၊ နောက်တရက်လဲ ကူးပေဦးတော့။

မျက်စိပျက်၊ စာမေးပွဲကျရင် အဲသူဌေးကြောင့်ပဲ... ဟဲဟဲ

ကဲ ရေးချင်တာလဲ ရေးပြီးပြီ...

သတ္တဝါအားလုံး ကျန်းမာချမ်းသာ ဘေးဘယာ ဝေးကွာကြပါစေ။

Comments

  1. ဘလချောင်ညဉ်းပို့စ်ကိုဖတ်သွားပါတယ်



    မောင်ဘကြိုင်
    http://mgbakyaing.blogspot.com/

    ReplyDelete
  2. ဇေမာန်လာလည်ရင်း ဖတ်သွားပါတယ်။ သဘောကြလို့ ပြုံးမိလိုက်ပါတယ်။ ဆက်ကြိုးစားနိုင်ပါစေဗျား။

    ReplyDelete

Post a Comment

Popular posts from this blog

မှတ်စု - ၁

မှတ်စုလေး‌တွေ ရေးမှတ်ထားမယ်လို့ စိတ်ကူးလေး ရနေတာ ကြာပြီ။ နောင်တချိန် ပြန်ဖတ်တဲ့အခါ တစ်ခုခု စိတ်ကြည်နူးစရာလေးများ ရမလား၊ "အို ... ငါ အတော်လေး မရင့်ကျက်ခဲ့ပါလား" တွေးမိလေမလား၊ ငါ ဒီလိုလေးများ လုပ်ခဲ့ရင် ပိုများ အကျိုးအမြတ်များလေမလား လို့ ယူဆမိလေမလား ဆိုပြီး အနာဂတ်က ကိုယ့်ကိုယ်ကိုအကြောင်း‌ တွေးမိတော့လဲ ရင်ခုန်မိသား။ ပြီးခဲ့တဲ့ အတိတ်ကို ပြန်ပြောင်းလို့ မရပေမဲ့ နောင်တရစရာ များများစားစားကျန်မနေခဲ့ဘူးဆိုရင် ကိုယ့်ဘဝကို ကျေနပ်မိနေမယ် ထင်တယ်။ ကိုယ့်ကိုယ်တော့ ရာနှုန်းပြည့် အာမမခံရဲဘူးဆိုတာကို တွေ့ပြီးတော့ ကိုယ့်ဖာသာကိုယ် ပြုံးမိတယ်။ ဒါကိုက ကိုယ့်ပင်ကိုယ်စရိုက်သဘာဝထဲက တစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့လဲ နောင်တရစရာ မရှိရလေအောင် နေထိုင်မယ်လို့ ခုချိန် ဆုံးဖြတ်မိနေတာဆိုတော့ ဒါဟာလဲ အမြတ်အစွန်း တစ်ခုပဲ မဟုတ်လား။ ပုံမှန်ဆိုရင် ကိုယ်က ကိုယ့်ခံစားချက်၊ အတွေး‌အမြင်တွေကို ချရေးရမှာကို အတော်လေး ဝန်လေးမိတဲ့ထဲပါတယ်။ အဲတာကြောင့်လဲ ဒိုင်ယာရီမထားဖြစ်ဘူး။ အဓိကက ကိုယ့်ဒိုင်ယာရီကို ယူဖတ်မှာ စိုးတဲ့စိတ်က ကြီးစိုးနေလို့အပြင် ကိုယ့်ကို လှောင်ရယ်မလား၊ ကိုယ့်အကြောင်းကို သူများတွေ သိသွားလေမလား ဆိုတဲ့ ကိုယ့်ကိုယ်ကိုထက...