ကျွန်မချစ်သူ အကြောင်းပြောပြမယ်
နားလေးတစ်ချက်တော့ ပေးသနားကွယ်။
ချစ်ပါသတဲ့ ပြောခဲ့တာ
ကျွန်မမွေးနေ့မှာ။
သူ့ရဲ့ပုံစံ ပြောမကွဲ့
အောက်ပါအတိုင်းမှတ်။
ကျွန်မချစ်သူ ကိုလူချော
မောင့်ကိုယ်ကတော့ ဝဖိုင့်ဖိုင့်။
အရပ်မှာဖြင့် ပြိုင်စံရှား
၄ပေလောက်သာ ရှိရှာသား။
ကြောင်မျက်ရွဲနှယ် မျက်လုံးဟာ
ချစ်စရာကောင်းလှတာ။
ရွှေပါးစပ်ကြီး ရီတာများ
ကိုဖားကြီး ပါးစပ်အလား။
ဆိုးနွဲ့သမျှ တခွန်းမတုံ့
မျက်နှာပြုံးစိစိ။
ဘယ်သူ ဘယ်လို ဘာကြောင့်ထင်
မောင့်သာလျှင် ကျွန်မချစ်တာ။
တင်းကျပ်ကာပဲ ဖက်ထားမည်
ကျွန်မ ရင်ခွင်ကြား။
ဟိုးအရင် ဘယ်တုန်းကမှန်း မသိ ရေးခဲ့တာလေးတွေ ပြန်ပြန်တင်နေတာ။ ဒါရေးခဲ့တုန်းကလဲ ဘာကိုကြည့်ပြီး ရေးခဲ့တယ် မသိတော့ဘူ။ :D အတော်လှတဲ့ ချစ်သူလေးပဲ နေမှာ။ :D
Comments
Post a Comment