Skip to main content

Posts

Pepsi ရဲ့ ဖွင့်ဟ ဝန်ခံချက်

  ကျုပ်က ပုလင်းထဲမှာ တည်ငြိမ်အေးဆေး စံမြန်းနေတာ...... ကျုပ်ကို အရမ်းမထိနဲ့ လှုပ်ခါသွားအောင် အစမဖော်နဲ့ ကျုပ်က ပြန်ပက်တတ်တယ်... ရှင်တို့ပျော်ဖို့ရာ ကျူပ်ရဲ့ တည်ငြိမ်မှုကို စတေးပစ်ရက်တယ် ကျုပ်ပေါက်ကွဲတာမှ သဘောခွေ့တယ်ဆိုလဲ.... ကျုပ်ရဲ့ကြမ္မာကို အံခဲကာပဲ ဟားတိုက်ရီပလိုက်မယ်.... အလှည့်ကျရင်သာ မနွဲ့စတမ်း မတွန့်စတမ်းပေါ့ စိန်လိုက်တယ်....။
Recent posts

ကျွန်မချစ်သူ

ကျွန်မချစ်သူ အကြောင်းပြောပြမယ် နားလေးတစ်ချက်တော့ ပေးသနားကွယ်။ ချစ်ပါသတဲ့ ပြောခဲ့တာ ကျွန်မမွေးနေ့မှာ။ သူ့ရဲ့ပုံစံ ပြောမကွဲ့ အောက်ပါအတိုင်းမှတ်။ ကျွန်မချစ်သူ ကိုလူချော မောင့်ကိုယ်ကတော့ ဝဖိုင့်ဖိုင့်။ အရပ်မှာဖြင့် ပြိုင်စံရှား ၄ပေလောက်သာ ရှိရှာသား။ ကြောင်မျက်ရွဲနှယ် မျက်လုံးဟာ ချစ်စရာကောင်းလှတာ။ ရွှေပါးစပ်ကြီး ရီတာများ ကိုဖားကြီး ပါးစပ်အလား။ ဆိုးနွဲ့သမျှ တခွန်းမတုံ့ မျက်နှာပြုံးစိစိ။ ဘယ်သူ ဘယ်လို ဘာကြောင့်ထင် မောင့်သာလျှင် ကျွန်မချစ်တာ။ တင်းကျပ်ကာပဲ ဖက်ထားမည် ကျွန်မ ရင်ခွင်ကြား။ ဟိုးအရင် ဘယ်တုန်းကမှန်း မသိ ရေးခဲ့တာလေးတွေ ပြန်ပြန်တင်နေတာ။ ဒါရေးခဲ့တုန်းကလဲ ဘာကိုကြည့်ပြီး ရေးခဲ့တယ် မသိတော့ဘူ။ :D အတော်လှတဲ့ ချစ်သူလေးပဲ နေမှာ။ :D

မှတ်စု - ၁

မှတ်စုလေး‌တွေ ရေးမှတ်ထားမယ်လို့ စိတ်ကူးလေး ရနေတာ ကြာပြီ။ နောင်တချိန် ပြန်ဖတ်တဲ့အခါ တစ်ခုခု စိတ်ကြည်နူးစရာလေးများ ရမလား၊ "အို ... ငါ အတော်လေး မရင့်ကျက်ခဲ့ပါလား" တွေးမိလေမလား၊ ငါ ဒီလိုလေးများ လုပ်ခဲ့ရင် ပိုများ အကျိုးအမြတ်များလေမလား လို့ ယူဆမိလေမလား ဆိုပြီး အနာဂတ်က ကိုယ့်ကိုယ်ကိုအကြောင်း‌ တွေးမိတော့လဲ ရင်ခုန်မိသား။ ပြီးခဲ့တဲ့ အတိတ်ကို ပြန်ပြောင်းလို့ မရပေမဲ့ နောင်တရစရာ များများစားစားကျန်မနေခဲ့ဘူးဆိုရင် ကိုယ့်ဘဝကို ကျေနပ်မိနေမယ် ထင်တယ်။ ကိုယ့်ကိုယ်တော့ ရာနှုန်းပြည့် အာမမခံရဲဘူးဆိုတာကို တွေ့ပြီးတော့ ကိုယ့်ဖာသာကိုယ် ပြုံးမိတယ်။ ဒါကိုက ကိုယ့်ပင်ကိုယ်စရိုက်သဘာဝထဲက တစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့လဲ နောင်တရစရာ မရှိရလေအောင် နေထိုင်မယ်လို့ ခုချိန် ဆုံးဖြတ်မိနေတာဆိုတော့ ဒါဟာလဲ အမြတ်အစွန်း တစ်ခုပဲ မဟုတ်လား။ ပုံမှန်ဆိုရင် ကိုယ်က ကိုယ့်ခံစားချက်၊ အတွေး‌အမြင်တွေကို ချရေးရမှာကို အတော်လေး ဝန်လေးမိတဲ့ထဲပါတယ်။ အဲတာကြောင့်လဲ ဒိုင်ယာရီမထားဖြစ်ဘူး။ အဓိကက ကိုယ့်ဒိုင်ယာရီကို ယူဖတ်မှာ စိုးတဲ့စိတ်က ကြီးစိုးနေလို့အပြင် ကိုယ့်ကို လှောင်ရယ်မလား၊ ကိုယ့်အကြောင်းကို သူများတွေ သိသွားလေမလား ဆိုတဲ့ ကိုယ့်ကိုယ်ကိုထက...

Certificate

  ကျွန်တော့ ဘဝ စခဲ့ရပြီ ကဗျည်းတင်မည် Birth Certificate။ ရခဲ့ပါပေါ့ ရွက်ပေါင်းများစွာ အသိမှတ်ပြု Educational Certificates။ တူနှစ်ကိုယ်တွဲ စုန်ဆန်ချင်လဲ ပါလာပြန်ပြီ Marriage Certificate။ မီးဇာကုန်ခမ်း နေဝင်ချိန်ဝယ် တမ်းဝင်ရပြန်ပေါ့ Death Certificate။ စ လယ် ဆုံး ခရီးတလျှောက် သူနဲ့သာလျှင် ခရီးသွားရ မုန်းရက်ပါဘူး Cert: ရေ။

ဗလာ

  ဟုတ်တိုင်းမှန်ရာ လျှောက်တင်ချင်ဘိ။ ငါ၏ဘဝ စခဲ့ရပြီ ဗလာ သုည နိတ္ထိတန်။ ကြီးပြင်း ရွယ်ရောက် လှုပ်ရှား ရုန်းကန် နိတ္ထိတန်ဆဲ။ ယခုဘဝ သက်မပျောက်ခင် ဗလာဘဝ ကျွတ်ချင်ပေမင့် မတတ်နိုင်ဘု။ ကယ်ပါ ကယ်ပါ ဟစ်ကြွေးဘဝ ကင်းကွာမဲ့ကာ အားထုတ်ကာပင် ပါရမီဖြည့်လို့ သုညဘဝ လွတ်ကင်းလို။

ဇာတ်သိမ်းခန်းဆီသို့

  ငါသာလျှင် တော်၏ တတ်၏ သြဇာပြည့်ဝ ကိုရွှေလက်မ သူဝင့်ကြွား။ ကိုယ်မှတပါး ထိုထိုသူသူ အပြစ်တွေဖို့ စိတ်နှလုံးဆွဲချ ကိုရွှေလက်ညှိုး သူဦးတည်။ သူတကာလယ် ထင်ပေါ်ကျော်ဇော သို့စေကာမူ ယုတ်မာမှုတွေသာ ကိုရွှေလက်ခလယ် သူဆောင်ကြဉ်း။ သြော်... ထိုထိုလူတွေ ကိုယ့်ဘဝလေးတော့ မြင်စေချင်... ကျယ်ပြန့်နက်ရှိုင်း ၃၁ဘုံ ပင်လယ်ပြင်ဝယ် စုန်းစုန်းမြုပ်တဲ့ ခဲ(လုံး)သဖွယ် ဘယ်ဆီဘယ်ဝယ် ခေါင်းချကာဖြင့် ဇာတ်သိမ်းရမယ်။ Image from: https://mgagnesi.files.wordpress.com/2013/06/death.jpg

အတ္တ

  လူဆိုတာ ကိုယ့်အတ္တနဲ့ကိုယ်တဲ့ ငါကကော။ နင့်အနားမှာ နေချင်တဲ့ ငါကကော။ နင့်ဆီ ငါ့အချစ်ကို ယဇ်ပူဇော်ချင်တဲ့ ငါကကော။ နင့်ဥပက္ခာကို လစ်လျူရှုချင်တဲ့ ငါကကော။ သေချာပါပြီ နင့်ကြောင့် ငါက ကယ်သူမဲ့ အတ္တသားကောင်ဆိုတာ။