နယူးဇီလန်မှာ လုပ်တဲ့ လုပ်အားပေးအလုပ်များ Volunteer အလုပ်တွေက ကျောင်း Program ကလဲ အရမ်းတင်းကျပ်လွန်းတယ်၊ အချိန်ပိုင်းအလုပ်လဲ လုပ်ဖို့ မလွယ်ဘူး (သို့) အချိန်ပိုင်းအလုပ်လဲ မရသေးဘူး ဆိုတဲ့သူတွေအတွက် အချိန်ရရင် လုပ်ဖို့ အကြံပေးဖြစ်တယ်။ အထူးသဖြင့် Retail ပိုင်းတွေမှာ။ ဘာလို့လဲ ဆိုရင် ... ၁။ စျေးလဲရောင်းရင်း Local တွေ အထူးသဖြင့် အဖြူ ကီဝီတွေနဲ့ စကားအပြောအဆို သူတို့ လေယူလေသိမ်းကို ကျက်မိမယ်။ ၂။ NZ ရဲ့ လုပ်ငန်းခွင်ကို လေ့လာလို့ရမယ်။ ၃။ လုပ်ဖော်ကိုင်ဖက်တွေ စျေးဝယ်သူ နဲ့ Network တည်ဆောက်နိုင်မယ်။ ၄။ အတွေ့အကြုံရမယ်။ CV ထဲ ထည့်လို့ရတယ်။ ၅။ Reference အနေနဲ့ တောင်းဆိုနိုင်တယ်။ ဒါက ဒီမှာ အလုပ်ရှာရင် Referee မပေးမနေရ ပေးရပါတယ်။ တကယ်လဲ ဖုန်းခေါ်ပြီး မေးပါတယ်။ New Zealand မှာ Volunteer Jobs တွေ တွင်ကျယ်တယ်လို့ပြောရမယ်။ Seek ကနေတဆင့်လဲ ရှာလို့ရတယ်။ ကျောင်းက career website ကနေလဲ ရနိုင်တယ်။ မေသူရဲ့ မူလပထမ ရည်ရွယ်ချက်က အလုပ်ရှာရင် အထောက်အပံ့ဖြစ်အောင်ပါ။ အရင်ရောက်နေတဲ့ မြန်မာ Community က စီနီယာတွေက NZ experience အရေးကြီးကြောင်း၊ ဘယ်နေရာမှာမဆို ဝင်လုပ်ထားတာ ကောင်းတယ်ဆိုတာ ကြားရတော့ ကိုယ်ကိုယ်တိုင်က ပိုက...
New Zealand က အခြေအနေလေးတွေ ရေးမယ်လို့ တွေးထားတာ ကြာပေမဲ့ မရေးဖြစ်။ ခုဆို တစ်နှစ်ခွဲလောက်ရှိတော့မယ်။ ခုမှ စရေးတော့ NZ Christchurch လေဆိပ်ကြီးထဲ ဝင်တော့ ခံစားရတဲ့ ဘလာ ဘလာ ရေးရမလား ... ခု လက်ရှိ အခြေအနေရေးရမလား ... လားပေါင်းများစွာနဲ့ ချာချာကိုလည်လို့။ အမှတ်တရတော့ မှတ်စုလေးတော့ ရေးထားသင့်တယ် မဟုတ်လား။ ဘာပဲပြောပြော အသက် ၃၉ နှစ် ကျော် ၄၀ ဝန်းကျင်မှာ အခြေအနေ အသစ်၊ နေရာအသစ်ကိုရောက်ပြီး၊ အစစ အရာရာ အသစ်ပေါင်းများစွာနဲ့ ကိုယ့်ကိုယ်ကို မယိုင်မလဲ ရပ်တည်နိုင်တဲ့ စိတ်စွမ်းအား၊ လုပ်နိုင်တဲ့စွမ်းအားကို ချီးကျူးရမှာပဲ။ ခု ၁နှစ်ကျော် ကြာလာတဲ့ အချိန်မှာ ကိုယ်ကိုယ်ကို အတော်သတ္တိရှိပါလား လက်ခံလာပြီ 😂 (ဤကား စကားချပ်)။ အဲတော့ ကျောင်း Program ကနေ စရေးရရင် ... Master of Professional Accounting (CPA)၊ 180 Credit နဲ့ တစ်နှစ်ခွဲ Canterbury မှာ ရှိတဲ့ Lincoln University မှာ တက်ပါတယ်။ အဲ University က Land နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို သူက အဓိကထားတာပေါ့၊ တခြား University တွေနဲ့ တော့ နည်းနည်းကွာတယ်။ Program က CPA Australia နဲ့ ချိတ်ထားတော့ Stress Level ကတော့ မြင့်ပါတယ်။ (အဲလိုပဲ လုပ်လိုက်ရင် ဘာပဲဖြစ်...